Sunday, February 10, 2013

မိန်းကလေးများ သတိထားရမယ့် Valentine Day

Photo: ချောကလက်နဲ့ပတ်သတ်ပြီး သိထားသလောက်ကတော့ချောကလက် အနည်းငယ် စားတာဟာ ခန္ဓာကိုယ်ထဲက ခံစားမှုကောင်းစေတဲ့
အန်ဒေါ်ဖင်ဟော်မုန်းတွေ ထွက်ရှိနိုင်တာကြောင့် စိတ်ဖိစီးမှုလျော့ပါးစေတယ်တဲ့
သို့ပေမယ့်လည်းဖတ်ဖူးတာလေးကရှိနေတော့ လာမယ့်ဗယ်လင်တိုင်း မှာ ချောကလက်စားကြမယ့်လူငယ်တွေအတွက် အထူးသဖြင့်ညီမငယ်တို့အတွက်ရင်လေးမိပါတယ်..

တရားမဝင်ဝင်ရောက်လာသော ဖိုမစိတ် နိုးကြွစေသည့် ကော်ဖီ၊ ချောကလက်နှင့် ဆေးများ ရောင်း ချသူများအား ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူတော့မည် ဖြစ်ကြောင်း သက် ဆိုင်ရာမှ သတင်းရ ရှိသည်။

လူငယ်များအကြားတွင် မှား ယွင်းစွာ အသုံးချနိုင်သော၊ ဖိုမစိတ်ကို နှိုးဆွနိုင်သော ကော်ဖီ မစ်များ၊ ဆေးဝါးများ၊ ချောကလက်များအား သက်ဆိုင်ရာမှ ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲ ခြင်းစသည် တို့ကို တွေ့ရှိပါက ပြစ် မှုကြောင်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး ယင်းဖိုမစိတ်ကြွ ကော် ဖီမစ်များမှာ ဈေးနှုန်း ပေါခြင်းနှင့် အာနိသင်မှာ သောက်မိပါက ဖိုမသဘာဝစိတ်ကိုလှုံ့ဆော် စေနိုင်ကြောင်း သိရ သည်။
ချောကလက်နဲ့ပတ်သတ်ပြီး သိထားသလောက်ကတော့ချောကလက် အနည်းငယ် စားတာဟာ ခန္ဓာကိုယ်ထဲက ခံစားမှုကောင်းစေတဲ့
အန်ဒေါ်ဖင်ဟော်မုန်းတွေ ထွက်ရှိနိုင်တာကြောင့် စိတ်ဖိစီးမှုလျော့ပါးစေတယ်တဲ့
သို့ပေမယ့်လည်းဖတ်ဖူးတာလေးကရှိနေတော့ လာမယ့်ဗယ်လင်တိုင်း မှာ ချောကလက်စားကြမယ့်လူငယ်တွေအတွက် အထူးသဖြင့်ညီမငယ်တို့အတွက်ရင်လေးမိပါတယ်..

တရားမဝင်ဝင်ရောက်လာသော ဖိုမစိတ် နိုးကြွစေသည့် ကော်ဖီ၊ ချောကလက်နှင့် ဆေးများ ရောင်း ချသူများအား ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူတော့မည် ဖြစ်ကြောင်း သက် ဆိုင်ရာမှ သတင်းရ ရှိသည်။

လူငယ်များအကြားတွင် မှား ယွင်းစွာ အသုံးချနိုင်သော၊ ဖိုမစိတ်ကို နှိုးဆွနိုင်သော ကော်ဖီ မစ်များ၊ ဆေးဝါးများ၊ ချောကလက်များအား သက်ဆိုင်ရာမှ ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲ ခြင်းစသည် တို့ကို တွေ့ရှိပါက ပြစ် မှုကြောင်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး ယင်းဖိုမစိတ်ကြွ ကော် ဖီမစ်များမှာ ဈေးနှုန်း ပေါခြင်းနှင့် အာနိသင်မှာ သောက်မိပါက ဖိုမသဘာဝစိတ်ကိုလှုံ့ဆော် စေနိုင်ကြောင်း သိရ သည်။

♣ သတိတရား လက်ကိုင်ထား အမှန်တရားရမည်သာ ♣

♠ တာဝန်သိမှ လူပီသ
♠ ထာဝစဉ်မခွဲခြား လူတန်းစား
♠ လူဆိုလျှင်
♠ မုဒိတာပွား ကျင့်ဝတ်များ
♠ ပြုံးပါမနှေး လူမှုဆက်ဆံရေး
♠ အသိနှင့်ယှဉ် သတိနှင့်ပြင်

တာဝန်သိမှ လူပီသ
---------------------

* အစာရေစာငတ်ပြတ်နေသူအား တတ်နိုင်သမျှကျွေးမွေးပါ.။
* အ၀တ်အစားမရှိသူအား အ၀တ်အစားဆင်မြန်းပေးပါ.။
* အရိပ်အာဝါသ မရှိသူအား အရိပ်အာဝါသ ရရှိစေရန် ကူညီပေးပါ.။
* တရားသဖြင့် လာရောက်တောင်းခံသူအား တတ်နိုင်သမျှ ကူညီပါ.။

ထာဝစဉ် မခွဲခြား လူတန်းစား
-------------------------------

လူသားအားလုံးသည် ကမ္ဘ့ာအိမ်ထောင်စုဝင်တွေပါ..
* လူသားအချင်းချင်း အဆင့်အတန်းမခွဲခြားပါနှင့် ၊ ဆင်းရဲချမ်းသာ မခွဲခြားပါနှင့်.။
* အသားအရောင် မခွဲခြားပါနှင့်.။
* လူမျိုးဘာသာကို အခြေခံပြီး ခွဲခြားဆက်ဆံမှု မပြုပါနှင့်.။
ဘာသာတရားတိုင်းသည် လူသားအားလုံးကို ကောင်းရာသို့သာ ညွှန်ပြသည်.။
* အသားဖြူသူကလည်း အသားမဲသူထက် မမြင့်မြတ်ပါ.။
* အသားမဲသူကလည်း အသားဖြူသူထက် မနိမ့်ကျပါ.။
* ကျင့်ဝတ်သိက္ခာစောင့်ထိန်းသူသာ အမြင့်မြတ်ဆုံးလူပါ.။
* မတည်မြဲတဲ့ သင်္ခါရသဘောတရားကို နှလုံးသွင်းကာ စစ်မှန်တဲ့လူအဖြစ်နှင့် လူ့လောကမှ ခွဲခွာခြင်းဟာ အကောင်းဆုံးသော လူသားပါ.။

လူဆိုလျှင်
-----------

* ကိုယ်ချင်းစာတရား ထားတတ်ပါ.။
* လူကိုလူလို မြင်တတ်ပါ.။
* သနားကြင်နာစိတ် မွေးမြူပါ.။
* ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပါ.။
* တစ်ပါးသူအား အထင်မသေးပါနှင့်.။

မုဒိတာပွား ကျင့်ဝတ်များ
--------------------------

* လူတိုင်းအပေါ် စေတနာကောင်းထားပါ.။
* ခုနစ်ရက်သားသမီးများနှင့် ဝေနေယျသတ္တ၀ါအပေါင်းတို့အပေါ် မေတ္တာပို့သလျက်ရှိနေပါ.။
* လူတိုင်းအပေါ် အကောင်းမြင်ဝါဒနှင့်မြင်ပါ.၊ အဆိုးမြင်ဝါဒအား ဖျောက်ဖျက်ပါ.။
* လူတိုင်းအတွက် တိုးတက်အောင်မြင်နေမှုကို လိုလားပါ.၊ မနာလိုဝန်တိုမှုကို ရှောင်ရှားပါ.။
* ဘ၀င်မြင့်မှုကို ရှောင်ပြီး ဘ၀မြင့်အောင် ကြိုးစားပါ.။

ပြုံးပါမနှေး လူမှုဆက်ဆံရေး
------------------------------

* လူတိုင်းအား ပြုံးရွှင်စွာ ဆက်ဆံပါ ၊ လူတိုင်းက အသင့်အားပြုံးရွှင်စွာ ဆက်ဆံပါလိမ့်မည်.။
* နေရာတိုင်းမှာ မိမိကိုယ်ကို နှိမ့်ချနေထိုင် ဆက်ဆံမှုပြုပါ.၊ အသင့်အား လူတိုင်းက ချစ်ခင်လေးစားပါလိမ့်မည်.။
* အခွင့်အရေးပေးတတ်သူအဖြစ် သင်ကျင့်ကြံနေထိုင်ပါက လူတိုင်းက အသင့်အား အခွင့်အရေးပေးကာ အလေးထားဆက်ဆံပါလိမ့်မည်.။
* ရွှေဂုဏ် ၊ မျိုးဂုဏ် ၊ ရာထူးဂုဏ်ဖြင့် မောက်မာရင့်သီး ရိုင်းစိုင်းစွာဆက်ဆံပါက အသင့်အား မုန်းကြောက်ရိုသေမှုနဲ့သာ ပြန်လည်ဆက်ဆံပါလိမ့်မည်.။
* ပြုံးရွှင်စွာ ဆက်ဆံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပြီး ရင့်သီးရိုင်းစိုင်းစွာ ဆက်ဆံခြင်းသည် လူ့ကျင့်ဝတ်ဖြင့် ဆန့်ကျင်ဘက်ဖြစ်သည်.။

အသိနှင့်ယှဉ် သတိနှင့်ပြင်
----------------------------

* တစ်နေ့သေရမည် ဆိုတဲ့ အသိရှိပါလျက် တမလွန်ဘ၀အတွက် ကောင်းမှုကုသိုလ်ပြုရန် သတိမမေ့ပါနဲ့.။
* တစ်နေ့သေရမည် ကိုသိပါလျှက် တဖက်သားအပေါ် မတရားညှဉ်းပန်းနှိပ်စက်မှု မပြုမိရန် သတိရှိပါ.။
* တစ်နေ့သေရမည် ကိုသိပါလျှက် တစ်ပါးသူ၏ဥစ္စာပစ္စည်းကို မတရားရယူခြင်း မပြုမိရန် သတိရှိပါ.။
*တစ်နေ့သေရမည် ကိုသိပါလျှက် မတည်မြဲတဲ့ သင်္ခါရလူ့လောကပြီးကို ခင်မင်တွယ်တာပြီး အပျော်အပါးတွေနဲ့ အချိန်မဖြုန်းမိစေရန် သတိရှိပါ.။
* တစ်နေ့သေရမည် ကိုသိပါလျှက် မိဘ ၊ ဆရာသမား ၊ကျေးဇူးရှင်များအား အစဉ်တစိုက် ဂါဝရတရား ရှေ့ထားဆက်ဆံရန် သတိရှိပါ.။

ဖုန်းဖြင့် အင်တာနက် အသုံးစရိတ်အား မကျအောင်ပြု လုပ်နည်း

ဒီနည်းလေးက လွန်ခဲ့တဲ့ ၂ ပတ် လောက်က ကျွန်တော် ဖုန်း error လေးတစ်ချို့ ကနေ ဆက်ဆက် တွေးမိသွားတာဖြစ်ပါတယ်..
အခုဆိုရင် MPT (ဆက်သွယ်ရေး) လိုင်းအား တိုက်ခိုက်မူများဖြစ်ပေါ်နေပါတယ်.. လွန်ခဲ့တဲ့ လအနည်းငယ်က ဖုန်း ဘေလ် စနစ်အား ပို မို ဖျက်တောက်မှုများဖြစ်ခဲ့ပါတယ်.. ဥပမာ ၁မိနစ် ၅၀ ကျပ်အား ၁၀မိနစ်လျှင် ၂၀၀၀ လောက်ကို ငွေဖျက်ချသွားပါတယ်..
ဒီလိုနဲ့  ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ချို့ ပြောတာကတော့ သူတို့ မှာ ဖုန်းဘေလ် ကုန်ကျမှုကို တွက်ချက်သောစနစ်မှာ မှားယွင်း မူ တစ်ချို့ ရှိနေခဲ့တယ်လို့ သိရှိလိုက်ရပါတယ်.. လွယ်လွယ်ပြောရင် စက်တွေကစုတ်ပြီး ကြောင်ကျား ဖြစ်နေ
တယ်ပေါ့ဗျာ... ကျွန်တော် စတင်တွေး မိတာက ဖုန်းကို ငွေဖျက် စနစ်တောင် error တွေရှိနေတယ်ဆိုတော့ တစ်ခြားတွေမှာလဲ အယ်ရာတွေရှိနိုင်တယ်ဆိုတာပါဘဲ။ စတင် စမ်းသပ်တုန်းက တစ်ခြား ပာာပါ ဒါပေမယ့် တစ်နေ့ မှာတော့ ကျွန်တော် ဖုန်းကို Computer နဲ့ ချိတ်ဆက်ပြီး အင်တာနက်အသုံးပြု့ နေချိန်မှာ ဖုန်းက ပါဝါကုန်ပြီး ပိတ်သွားခဲ့ပါတယ်.. ကျွန်တော်ပိန်းချက် ဘာမှန်းမသိညာမှန်းမသိနဲ့ .. SIM Card တွေဘာတွေထုတ်ကြည့် မိပါသေးတယ်.. နောက်ပြီး ကျွန်တော် ဘတ်ထရီ ကုန်တယ်ထင်ပြီးအားပြန်သွင်းကာ သူငယ်ချင်းတစ်ယောက်အား ဖုန်းဆက်ရင် ဖုန်းဘေလ် မည်မျှရှိမည်ကို ကြည့်မိချိန်မှာတော့ အားအား သင့်စရာတစ်ခု ၇ှိလာပါတယ်တစ်ခြားမပာုတ်ပါဘူး ။ ကျွန်တော် အင်တာနက် မသုံးခင်က ဖုန်းတွင်းရှိငွေပာာ 600 ကျော်လေးဘဲကျန်ပါတယ်.. ၂နာရီလောက်သောက်ပြီး ပြန်ကြည့်ချိန်မှာ ၆၀၀ ကျော်ပါဘဲ.. ဒါနဲ့ စတင် အယ်ရာ ကို ရှာဖွေပါတော့တယ်..
ကျွန်တော်ယောင်ဝါးဝါး ပါဘဲ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က facebook မှာ အစ်ကိုတစ်ယောက်က အခုနည်းကို လာပြောပြတော့ ကျွန်တော်ပြန်သိလိုက်ရတာက ဒါလုပ်လိုက်လို့ ဒီလိုဖြစ်သွားတယ်ဆိုတာပါဘဲ..
ကျွန်တော့ဖုန်းက GSM ပါ ကျွန်တော်လက်ရှိသုံးနေတဲ့အမျိုးအစားက Samsung ဖုန်းပါ ပုံလေးတည်းကဖုန်းနဲ့ တူတူပါဘဲ.. ကျွန်တော်တို့  မှာ တစ်နေ့ တစ်နေ့ ဘလော့ တင်ဖို့  ဖုန်းကနေ အင်တာနက် အသုံးစရိတ်ကုန်ကျမှုများပါတယ်.. ဒီလို မကုန်ကျရအောင်ဒီနည်းလေးကို မျှဝေပေးလိုက်ပါတယ်..
အရင်ဆုံး သင့် ဖုန်းနဲ့  ကွန်ပျူတာကို အင်တာနက် ကွန်နရှင် ချိတ်ဆက်ပေးပါ..
ပြီးရင် ၀အောင် သုံးပါ..သုံးလို့ ဝပြီဆိုရင်တော့ Disconnet လို့ မလုပ်ပါနဲ့ .. ဖုန်းကို ဘတ်ထရီ ဖြုတ်လိုက်ပါ.. ပြီးရင် ပိုတိကျသွားအောင် SIM Card ပါ ထုတ်ပြီးပြန်ထည့်လိုက်ပါ..
ခဏစောင့်ပါ .. ပြီးရင် ဘတ်ထရီကို ပြန်ထည့်ပါ power ကိုပြန်ဖွင့်ပြီး ဖုန်း တည်းမှာလက်ကျန်ငွေကို စစ်လိုက်ပါ.. ပထမ အတိုင်း ဘဲမြင်ရပါမယ်.. အင်တာနက်သုံးလို့ ကျသင့်တဲ့ ငွေ ကို ဖျက်သွားခြင်းမ၇ှိပါဘူး.. ကျွန်တော်အခု စမ်းသပ်ရာမှာအသုံးပြု့ သွားတဲ့ဖုန်းတွေကတော့ Samsimg , Nokia , VG စတဲ့ဖုန်းသုံးမျိုးမှာ စမ်းသပ်တာအောင်မြင်ထားပါတယ်.. ညီကို တို့ ခင်ဗျာ.. ဆက်သွယ်ရေးမှ အခု Error ကို fix မလုပ်ခင်လေး စမ်းသပ်ပါ... ရအောင် လုပ်ကြပါ.. ဖ၇ီးပေါ့ဗျာ.. :-) :-)

Wednesday, February 6, 2013

ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်း လှပသွားစေဖို့ နဲ့အရေပြားကိုပါ ကျန်းမာလှပစေဖို့နည်းလမ်းများ

တစ်ကိုယ်လုံး လန်းဆန်းလှပ သွားစေရန်
ချိုမြိန်တဲ့ ရနံ့လေးတွေနဲ့ အတူ ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်း လှပသွားစေဖို့ သင်စားနေကျ အစား အစာတွေ ထဲကနေ ဖန်တီးနိုင်တယ်ဆို တာသင် သိပါရဲ့လား။
စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်း သွားစေဖို့နဲ့ သင့်အရေပြားကိုပါ ကျန်းမာလှပစေဖို့ အထောက်အကူပြု နည်းလမ်းလေးတွေ ရှိပါတယ်။ မွေးပျံ့တဲ့ ရနံ့လေးနဲ့ အတူ တစ်နေ့တာ လုံး လန်းဆန်းလှပနေစေဖို့ လေ့လာ ကြည့်ရအောင်နော်။
လီမွန်ကိတ်ရနံ့ဖြင့် Body Scrub
အရေပြားပေါ်မှာ ကြေးချွတ်ပွတ် တိုက်ချိန်မျိုးမှာ လီမွန်ရနံ့နဲ့ ကိတ်မုန့်တစ်လုံးကို စားရသလို ခံစားနေရစေပြီး သင့်အရေပြားကို အမှန်တကယ် သန့်စင်စေကာ ပျော့ပျောင်း ချောမွေ့စေပါတယ်။
ပြုလုပ်အသုံးပြုနည်း
အညိုရောင် သကြားတစ်ခွက်၊ သံလွင်ဆီ ဒါမှမဟုတ် နေကြာဆီ ခွက်တစ်ခွက်ရဲ့ တစ်ဝက်၊ သံပရာရည် ဒါမှမဟုတ် သံပုရာအမှုန့် လက်ဖက်ရည် တစ်ဇွန်း၊ သစ်ခွရနံ့အရည် လက်ဖက်ရည် တစ်ဇွန်း စတာတွေကို ရောမွှေ လိုက်ပါ။အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ သိမ်းထားပြီး သင့်အရေပြားပေါ်မှာ ပွတ်တိုက်ကြေး ချွတ်သန့်စင်တဲ့ ပစ္စည်း တစ်ခုအဖြစ် အသုံးပြု ပေးနိုင် ပါတယ်။
စတော်ဘယ်ရီကိတ်ရနံ့ဖြင့် ရေချိုးဆား
ချိုမြိန်တဲ့ ရနံ့ကြောင့် သင့်ကြွက်သား တွေကိုပါ သက်သောင့် သက်သာ ဖြစ်စေ ပါတယ်။ အရောင်လှလှ လေးတွေ ပေါင်း စပ်ဖန်တီးထားပြီး သင့်ရေချိုးခန်းလေး ထဲမှာ လှပနေပါစေ။
ပြုလုပ်အသုံးပြုနည်း
ဆားခွက်နှစ်ခွက် (ဆားနုနုလေး တွေကိုသုံးပါ)၊ စတော်ဘယ်ရီ အမှုန့် ထမင်းစား နှစ်ဇွန်း၊ သစ်ခွရနံ့အမှုန့် ထမင်း စားနှစ်ဇွန်းကို ရောမွှေပါ။ မွှေထားတဲ့ဆား တွေကို ခွက်တစ်ခွက်စီ ပြန်ခွဲပြီး အစားအ စာတွေထဲထည့်တဲ့ အနီရောင်မှုန့်နဲ့ အဝါ ရောင်မှုန့်ကို ခွက်တစ်ခွက်စီမှာ တစ်ဇွန်းစီ ထည့်ပြီး မွှေလိုက်ပါ။ ဖန်ပုလင်းလေးထဲ ကို တစ်ရောင်ချင်း၊ တစ်လွှာစီထည့်ပါ။ လှပတဲ့ ရေချိုးဆား လေးနဲ့ ရေချိုးလိုက်ချိန် မွှေးပျံ့တဲ့ ရနံ့လေးကြောင့် စိတ်ကိုကြည် လင်ကာ အရေပြားပေါ်က ဆဲလ်သေတွေ ကိုလည်း ဖယ်ရှား ပေးနိုင်ပါတယ်။
ထောပတ်ရနံ့ဖြင့် Body Oil
အရေပြား ခြောက်သွေ့ပြီး အရောင်မွဲ နေပါသလား။ အရေပြားကို စိုပြည်ပြီး ခြောက်သွေ့မှု ကင်းကာ ကြည်လင် သွားစေမယ့် နည်းလမ်း ရှိပါတယ်။
ပြုလုပ်အသုံးပြုနည်း
သံလွင်ဆီ ခွက်တစ်ခွက်၊ ပျားရည် လက်ဖက်ရည်တစ်ဇွန်း၊ သစ်ခွရနံ့အရည် လက်ဖက်ရည် တစ်ဇွန်း စတာတွေကိုရော မွှေလိုက်ပြီး မိုက်ခရိုဝေ့ထဲမှာ ကျိုလိုက်ပါ။ ဆူလာချိန်မှာ မွှေးပျံ့တဲ့ရနံ့ထွက် လာပါလိမ့်မယ်။ အအေးခံထားပြီး ပုလင်းလွတ် လှလှလေးထဲမှာ သိမ်းထားလိုက်ကာ ရေချိုးပြီးလို့ ရေသုတ်ပြီး ချိန်ခန္ဓာ ကိုယ်တစ်ခုလုံကို လိမ်းပေးနိုင်ပါတယ်။
ငှက်ပျောသီးရနံ့ဖြင့် Body Cream
အသားအရေကို နူးညံ့ ချောမွေ့ စေပြီး စိတ်ဖိစီးမှုတွေကို ပြေပျောက် စေနိုင်ပါတယ်။
ပြုလုပ်အသုံးပြုနည်း
အုန်းဆီတစ်ခွက်၊ ဗီတာမင်အီး လက်ဖက်ရည်တစ်ဇွန်း၊ ပြောင်းမှုန့်လက် ဖက်ရည်တစ်ဇွန်း၊ သစ်ခွရနံ့ အရည်လက် ဖက်ရည်တစ်ဇွန်း စတာတွေကို ရောမွှေ လိုက်ပါ။ မွှေချိန်မှာ အမြှုပ်တွေထတဲ့အထိ ခပ်ပြင်းပြင်းလေး မွှေလိုက်ပြီး ဖန်ပုလင်း အကြည်တစ်လုံးထဲ ထည့်ကာ အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ သိမ်းပါ။ ခန္ဓာကိုယ်အနှံ့ အရေပြားပေါ်မှာ နှိပ်နယ် ပြီး လိမ်းပေး နိုင်ပါတယ်။    

Sunday, January 27, 2013

သူခိုးဖမ်းနည်း

တစ်ခါတုန်းကပေါ့ဗျာ...
တောရွာကြီးတစ်ရွာမှာ အလွန်တရာမှချမ်းသာပြီး အသိဥာဏ်ပညာနဲ့ပြည့်စုံတဲ့ သူဌေးကြီး
တစ်ရောက်ရှိတယ်ဗျ ။ သူဌေးကြီးဟာပစ္စည်းဥစ္စာချမ်းသာပင်မဲ့ ဇနီးမယားတော့မရှိဘူး
တစ်ရောက်ထဲနေတယ် လိုအပ်မှသူများကိုခေါ်ခိုင်းလေ့ရှိတယ်။ တစ်နေ့ပေါ့ဗျာ သူဌေး
ကြီးဟာ အရေးကြီးကိစ္စတစ်ခုနဲ့ ရက်အကြာကြီးခရီးတစ်ခုသွားဘို့ အကြောင်းပေါ်လာသ
တဲ့ဗျ ခရီးသွားလေ့မရှိတဲ့သူဌေးကြီးဟာ ခရီးရှည်သွားရမယ်ဆိုတော့ သူရဲ့ဥစ္စာပစ္စည်း
တွေကိုစိတ်မချဘူးလေ သူများအပ်ခဲရင်လဲ စိတ်မချ ထားခဲရမှာလဲစိတ်မချသယ်လဲမသွား
နိုင်ဆိုတော့ သူဘယ်လိုလုပ်ရပါ့မလဲလို့ စဉ်းစားနေပါတယ်။

   ဒီလိုနဲ့စဉ်းစားရင်းသူဌေးကြီးဟာ အကြံတစ်ခုရပါတော့တယ် အဲ့ဒိအကြံကိုလက်တွေ့
အကောင်အထည်ဖေါ်ပါတော့တယ် သူရဲ့ရွှေတွေငွေတွေကို အားလုံးမြေကြီးထဲမြုတ်ခဲ့
ပါတယ်  ရွှေတွေငွေတွေထားတဲ့အခန်းထဲမှာတော့ သူနဂိုအတိုင်းအားထားခဲ့ပါတယ်.
ရွှေငွေထည့်တဲ့သေတ္တာကြီးလဲဒီအတိုင်းထားခဲ့ပါတယ် သူဟာခရီးသွားခါနီးမှာတော့
အိမ်နီးနားချင်းတွေကိုမှားထားခဲ့ပါတယ် ကျွန်တော်ခရီးသွားလို့ အိမ်ထဲကတစ်ရောက်
ရောက်အော်သံကြားရင် ၀ိုင်းကြည့်ပေးကြပါလို့ မှားထားခဲ့သတဲ့ သူဌေးကြီးကတော့
အေးအေးဆေးဆေး သူခရီးကိုထွက်သွားပါတော့တယ်။

   သူဌေးကြီးသူအိမ်မှာမရှိဘူးခရီးသွားတယ်ဆိုတာကို ခပ်တုန်းတုန်းသူခိုးတစ်ရောက်က
ကြားပါတယ် ကြားတော့သူဌေးကြီးမရှိတုန်း သူအိမ်တက်ခိုးရင်တော့ငါအများကြီးရမှာ
လူရှိတဲ့အိမ်ခိုးတာထက် လူမရှိတဲ့အိမ်ခိုးတာပိုကောင်းတယ် သူဌေးအိမ်ဆိုတော့ ငါသွား
ခိုးရင်အများကြီးရမှာပဲဆိုပြီး အဲဒိညမှာပဲ သူခိုးဟာသူဌေးကြီးအိမ်ကိုသွားခိုးပါတော့
တယ် သူဌေးကြီးအိမ်ထဲရောက်တယ်ဆိုရင်ပဲ ရွှေတွေငွေတွေကိုသူရှာပါတယ် တစ်နေ
ရာမှာတော့ အင်မတန်ကြီးမားပြီး သော့အသေအချာခတ်ထားတဲ့ သေတ္တာကြီးတစ်လုံး
ကိုသူတွေ့ပါတယ် ဒါနဲ့အဲဒိသေတ္တာကြီးကို သူဖွင့်ပါတယ် သေတ္တာကြီးပွင့်သွားတယ်ဆို
ရင်ပဲ သူအရမ်းအံ့သြသွားတယ် ဘာကြောင့်လဲဆိုတော့ သေတ္တာဟာ သော့အသေအချာ
ခတ်ထားပင်မဲ့ ရွှေငွေတော့ရှိမနေပါဘူး အဲဒိသေတ္တာထဲမှာ သူတွေရတာကတော့
ပေပရပိုက်တစ်ခုပါ ဒါနဲ့သူခိုးလဲ စိတ်ဝင်စားသွားတယ် ဘာများလဲပေါ့ ပေပရပိုက်ကို
ဖက်ကြည့်တဲ့ အခါမှာအောက်ပါအတိုင်းရေးထားတာတွေ့ရပါတယ်..။

 .... ဤအရာသည် ငါတို့မျိုးရိုးစဉ်ဆက် ဆက်လတ်ထိမ်းသိမ်းလာခဲ့သော အမွေအနစ်
ဖြစ်သည် မည်သူတစ်ဦးတစ်ရောက်ကိုမျှလက်ဆင့်မကမ်းရ အထူးသဖြင့် သူခိုးဓါးပြများ
လုံးဝမသိစေရပါ အောက်ပါအချက်အလတ်များကို သားစဉ်မြေးဆက် ထိမ်းသိမ်းကြပါ
ကုန်...
      (၁) ဇီးဖြူသီးစား ရေသောက် ချို၏....။
      (၂) ဖန်ခါးသီးစား ရေသောက် ချို၏....။
      (၃) ခွေးလျှားသီး ဖင်သုတ် ယား၏....။
      (၄) ဓါးမီးဖုတ် ဖင်ကပ် ပူ၏....။
 အထက်ပါအချက်အလတ်များအား သားစဉ်မြေးဆက် ဆက်လက် ထိမ်းသိမ်းကြပါရန်
ဤ ပေပရပိုက်ဖြင့် ရေးသားမှတ်တမ်းတင်ခဲ့သည်.....
    === ဘိုးဘွားအစဉ်အဆက်များ === ဟူသတည်း
    သူခိုးကစာဖက်ပြီးတော့ သူတော်တော်လေးစိတ်ဝင်စားသွားပါတယ် ဒီအကြောင်း
အရာတွေ တကယ်ဟုတ်မဟုတ် စမ်းသပ်ချင်တဲ့ စိတ်ပေါ်လာပါတယ် နောက်တစ်ခုက
သူခိုးဓါးပြများ မသိစေရ ဆိုပင်မဲ့ သူကံကောင်းလို့ဒါကိုတွေ့တယ်လို့ သူထင်လာပါတယ်
ဒါနဲ့လက်တွေ စမ်းသပ်ပါတော့တယ် သူဌေးကြီးရဲ့မီးဖိုးချောင်ထဲဝင်ရှာတော့ စာထဲက
အရာတွေအားလုံးအစဉ်သင့်တွေပါတယ် ပထမဆုံး ဇီးဖြူသီးကိုစားပြီး ရေသောက်ကြည့်
ပါတယ် ဟုတ်တယ်ချိုတယ်ဟ နောက်တစ်ခု ဖန်ခါးသီးစားပြီးရေသောက်ကြည့်ပါတယ်
အင်းးးးးးးးးဟုတ်တယ် ဒါလဲမှန်တယ် နောက်တစ်ခု ခွေးလျှားသီးအမှုန့်ရှာပါတယ် တစ်
နေရာမှာ အစဉ်သင့်ပဲတွေ့ပါတယ် `` (သူဌေးကြီးကသူအကြံနဲ့သူအားလုံးစီစဉ်ထားခဲ့တာ
လေ)´´ ခွေးလျှားသီး တွေ့တော့ သူဖင်သုတ်ကြည့်ပါတယ် အဲဒိမှာ သူခိုးပြဿနာတက်
တော့တာပါပဲ တအားကိုယားတော့တာလေ ရေဆေးလဲမရ သူဒုက္ခရောတော့တာပေါ့
ဒါနဲ့မထူးပါဘူး နောက်တစ်နည်းကြံသေးတယ် ထပ်လုပ်ကြည့်ရမယ် ဒါဟာ အယားကို
သက်သာစေတဲ့နည်းဖြစ်မယ်ဆိုပြီး ဓါးကိုမီးဖုတ်ပါတော့တယ် မီးဖုတ်လို့ဓါးကြီးတအား
ရဲလာတဲ့အခါလဲကြရော သူခိုးဟာ ခွေးလျှားသီးသုတ်ထားလို့ တအားယားနေတော့ သူ
ဓါးကို ကိုင်မနေတော့ပါဘူး ကြမ်းပြင်ပေါ်ချပြီး ဓါးပေါ်ဖင်ထိုင်ချလိုက်ပါတော့တယ်...
အဲဒိလို့ထိုင်လိုက်တဲ့အခါမှာတော့....အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ထိမ်းမနိုင် သိမ်းမရ အော်သံကြီးတစ်ခုထွက်လာပါတော့တယ် .။
 ပတ်ဝန်းကျင်က အော်သံကြားလို့သူဌေးကြီးအိမ် ၀ိုင်းလိုက်တော့ သူခိုးကို မိသွားပါတော့
တယ်.....................

အရမ်းချစ်သွားတဲ့ လင်မယားနှစ်ယောက်(ဟာသ)

တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို
ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆ
မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာက
အဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။

အယ်ဒီတာ ~ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို
အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ?

ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်...
"ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာ
မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့ နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။

ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကိုအသာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်..." လို့ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။
ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက တည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်..." လို့ပြောပြီးဆက်သွားကြပြန်ပါတယ်။ တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့ ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီးမြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။
ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ "မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။ သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!"လိုအော်လိုက်မိတယ်။ အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကိုအေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ "ဒါ
ရှင့်ရဲ့ပထမဆုံးအကြိမ်နော်..." တဲ့။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ ဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ..."

ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား

ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား

လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။
အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက် ချပ်ရပ် စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ် နေစေတဲ့ အာနိသင် ရှိပါတယ်။

အဆိုးဆုံး အစားအသောက် - ဆော်ဒါ အချိုရည်

ဗိုက်ပူမှာ စိုးရွံ့သူတွေ အနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်း လက်ဖက်ရည်)ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှု ဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

အကောင်းဆုံး အစားအသောက် - ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပါတယ်။

အဆိုးဆုံး အစားအသောက် - အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်

ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်း သကြားဓာတ်နဲ့ အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင် အဆင့်မြင့် တက်တာက ဝမ်းဗိုက်တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

အကောင်းဆုံး အစားအသောက် - အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေး စေတယ်လို့ သိရပါတယ်။

အဆိုးဆုံး အစားအသောက် - ဆားကဲသော အစားအစာ

ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့ အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်က ဖောင်းလာပြီး လေပွ လာတတ် ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။

အကောင်းဆုံး အစားအသောက် - မပြည့်ဝဆီ

သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။

အကောင်းဆုံး အစားအသောက် - ရှာလကာရည်

ရှာလကာရည်မှာပါတဲ့ ချဉ်တဲ့အရသာနဲ့ စူးရှတဲ့ အနံ့ကိုပေးတဲ့ ဓာတ်တွေဟာ ဗိုက်အဆီကို ချေဖျက် ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်းအတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေ ထွက်လာအောင် မျိုးရိုးဗီဇကို ပြောင်းလဲ ပေးတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။

ကြယ်စင်

Ref: Good Health

http://www.myawady.com.mm/health/healthandbeauty/item/3631-2013-01-05-10-29-49